Latest News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာ၊ ဆင်တောင်ကျးရွာ၊ အောင်သာယာကျေးရွာ၊ ခူးပရာထူးများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_aug2020
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ နယ်တွင်(၂၀-၈-၂၀၂၀)ရက်နေ့မှ(၂၁-၈-၂၀၂၀)ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှု ကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်သော မံပင်ကျေးရွာ၊ ငှက်ပျော တောကျေးရွာ၊ မိုင်းကာကျေးရွာ၊ လက်ပံတန်းကျေးရွာများရှိ ရေဘေးပြောင်းရွှေ့ အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၄၉၇)ဦးတို့အတွက် အဝတ် Mask(၄၉၇)ခု၊ ဆပ် ပြာ(၈၆)တောင့်နှင့် ဆန်(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁,၀၄၃,၇၀ဝ/-)ကျပ်တို့အား(၂၅-၈-၂၀၂၀)ရက်နေ့ ၊ မွန်းလွှဲ(၁၄:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_aug2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၌ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာတို့အား (၂၅-၈-၂၀၂၀)နေ့ (၁၆:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_aug2020
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ရှမ်းစုကြီးအုပ်စု၊ ရှမ်းစုအရှေ့ကျေးရွာ၊ ရှမ်းစုအနောက်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ကန်လှကျေးရွာ၊ ဝက်လက်ကျေးရွာနှင့် မီးသွေးဖိုကုန်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာ ပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မိုးသက်လေပြင်းကျရောက်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းကျရောက်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၊ သီရိမြိုင်လမ်း၌ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၂)စုမှ လူဦးရေ (၁၇) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၅၇၀၀/-) ကျပ်တိတိအား (၂၅-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊နောက်မီးအရှေ့ဘက်ကမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၆၃၀၀/-)ကျပ်ကို (၂၅-၈-၂၀၂၀)ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင် တာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020









