မိုးသက်လေပြင်းကျရောက်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းကျရောက်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၊ သီရိမြိုင်လမ်း၌ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၂)စုမှ လူဦးရေ (၁၇) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၅၇၀၀/-) ကျပ်တိတိအား (၂၅-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#otr

#mon_aug2020

Source:  သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events