
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊နောက်မီးအရှေ့ဘက်ကမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၆၃၀၀/-)ကျပ်ကို (၂၅-၈-၂၀၂၀)ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင် တာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_aug2020