လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မရိုးကုန်းကျေးရွာ၊ သစ်ဆိမ့်ကျေးရွာ၊ ချမ်းသာကျွန်းကျေးရွာ၊ နဂါးတွင်းကျေးရွာနှင့် မောင်ကြီးတို့ရွာ ကျေးရွာ များတွင် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_aug2020