လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့တွင် မြိတ်သံသရာအေးလူမူအထောက်အကူပြုပရဟိတအသင်းနှင့်ပူးပေါင်း၍ သက္ကယ်ထီး၊ မရင်းငယ်၊ မင်းသန်းကျးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာ နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက် များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_aug2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)