(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊နဘူးကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကျောက်မော ကျေးရွာ၊အောင်မြေကျေးရွာ၊ ဝဲပေါင်းကျေးရွာနှင့် သစ်ဆိမ့်ကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကာလ အတွင်း ပြည်သူများ‌ နေထိုင်ရမည့် ကျန်းမာ‌ရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသော သဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေး အစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_aug2020
 
 
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events