Latest News
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မရိုးကုန်းကျေးရွာ၊ သစ်ဆိမ့်ကျေးရွာ၊ ချမ်းသာကျွန်းကျေးရွာ၊ နဂါးတွင်းကျေးရွာနှင့် မောင်ကြီးတို့ရွာ ကျေးရွာ များတွင် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့တွင် မြိတ်သံသရာအေးလူမူအထောက်အကူပြုပရဟိတအသင်းနှင့်ပူးပေါင်း၍ သက္ကယ်ထီး၊ မရင်းငယ်၊ မင်းသန်းကျးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာ နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက် များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ (၂၆-၈-၂၀၂၀) ရက်နေ့(၁၅:၃၀)နာရီ၌ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့်ဇီးဖြူကုန်းရပ်ကွက်အတွင်း (COVID-19) ကူးစက်ရောဂါ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_aug2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တင်းတမ်ရံကျေးရွာအုပ်စု၊ တင်းတိမ်ရံကျေးရွာ၊ မရိုး ကုန်းကျေးရွာ၊ စပ်သီးခိုးကျေးရွာ၊ အုန်းခြံကျေးရွာ၊ မုံရွေးကျေးရွာနှင့် တင်းတိမ်ရံဈေးတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများဖြင့်Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ကွက်ပြင်ကျေးရွာ၌(၂၄-၈- ၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ (၃၄၇၅၃/-) ကျပ်အား (၂၆-၈-၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ် အတွင်းရှိကလော့ကျေးရွာနှင့် ကမနင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်း ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံ ချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2020









