Latest News
-
Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဘုရားကျောင်းစခန်း (၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၃၄)စု၊ လူဦးရေ(၁၅၀၁)ဦးတို့အတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန် (၅)မျိုးဝယ်ယူရန် (၁)အိမ်ထောင်လျှင်(၄၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၃,၃၆၀,၀၀ဝိ/-)အား (၂၉-၈-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီမှ (၁၇:၃၀)နာရီအချိန်ထိ KBC နှင့် RC ဘုရားကျောင်းစခန်းတို့၌ လည်းကောင်း၊ (၃၀-၈-၂၀၂၀)ရက်နေ့ (၀၈:၃၀)နာရီမှ (၀၉:၃၀)နာရီအချိန်ထိ AG နှင့် COC … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၈-၂၀၂၀) ရက်နေ့ တွင် ကောလင်းမြို့နယ်၊ ပဇင်းသာ၊ လက်ပံခုံ၊ ချဉ်ပြစ်ခုံ၊ ဇီးကုန်း၊ ကပ္ပလူးကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များကို လှည့် လည်၍အသိပေး ကြေညာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ar #sgg_aug2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်၊ ကျေးတောင်ဦးကျေးရွာ၊ ကံကျေးရွာနှင့် တောင်ယာတောကျေးရွာတို့တွင် (၃၀-၈-၂၀၂၀) ရက်နေ့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရေဘေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ (၂၉-၈-၂၀၂၀) ရက်နေ့တွင် လဟယ်မြို့နယ်၊ စံပြကျေးရွာ၌ COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများသို့ အသိ ပညာပေးလုပ်ငန်းအား (၁၄:၀၀) နာရီမှ (၁၅:၀၀)နာရီအထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #sgg_aug2020 Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်မင်းကင်းမြို့နယ်၊ ကျွဲကျကျေးရွာ၊ ပေါက်အိုင်ကျေးရွာနှင့် မြေငံကျေးရွာတို့တွင် (၂၉-၈-၂၀၂၀) ရက်နေ့၌ Covid-19ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့်ရေဘေးအသိပညာ ပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ (၂၈-၈-၂၀၂၀)ရက်တွင် လဟယ်မြို့နယ်၊ ဂဟုန်းကျေးရွာ၌ COVID19 ကူးစက်မြန်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများသို့ အသိပညာပေးလုပ်ငန်းအား (၁၄:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









