Latest News
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အောက်ညဥ့်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၁၉) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၄၅၉,၉၀၀/-) ကျပ်ကို (၃၀-၈-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_aug2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့၌ ဝက်လက်မြို့နယ်၊ သံမန်သာကျေးရွာ၊ ဗိုလ်တဲကျေးရွာ၊ တောကုန်းကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ကံစာရေးကျေးရွာနှင့် ကွင်းမကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှူ ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့သြဂုတ်လ ၃၀ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိရေဝေကျေးရွာအုပ်စု၊ဇရပ် ကုန်းကျေးရွာအုပ်စုအောက်ရှိကျေးရွာများသို့ Covid 19 ဒုတိယလှိုင်းပြန့်ပွားမှုကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ လူထုမှလိုက်နာဆောင်ရွက်စေရေးနှင့်သဘာဝဘေးအန္တရာယ်ြိုတင်ကာကွယ်ရေးအသိပညာပေးလှုံ့ဆော်ခြင်း၊ပိုစတာများ၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကိုကျေးရွာများအရောက်ကွင်းဆင်း အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့သြဂုတ်လ ၂၉ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ကုက္ကိုလ်ကန်ကျေးရွာအုပ်စု၊ ယင်းမရိုးကျေးရွာအုပ်စု၊ရွာပုလဲကျေးရွာအုပ်စု၊မကျီးကန်ကျေးရွာအုပ်စုအောက်ရှိကျေးရွာများသို့ Covid 19 ဒုတိယလှိုင်းပြန့်ပွား မှုကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုမှလိုက်နာဆောင်ရွက် စေရေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေးလှုံ့ဆော်ခြင်း၊ပိုစတာများ၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကိုကျေးရွာများအရောက်ကွင်းဆင်း အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ ထန်းပင်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်ကျေးရွာ၊ သူဌေးကွင်းကျေးရွာ၊ ညောင်လေးပင်ကျေးရွာ၊ သနပ်ပင်ကျေးရွာ၊ ကုလားဝဲ ကျေးရွာများတွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ ၊ သဘာဝဘေးအသိပညာ ပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း … Read more
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ်၊ ဒေးကင်းကျေးရွာနှင့် ကော့ကရင်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေ ရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့် လည်းကောင်းရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeakerများဖြင့် လည်းကောင်းအသိပေးနှိုး ဆော်ကြေငြာခဲ့ပြီး ဗီနိုင်းပိုစတာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 … Read more









