အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၆) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်းတွင် ဖြစ်ပွားခဲ့သော မြေပြိုဘေး ကြောင့်     တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/)၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၅,၀၀ဝိ/-)အား (၁၄-၇-၂၀၂၆)ရက်နေ့၊   နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sld #‌ayy_jul_2026 Source: … Read more

  • ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၆) ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၅:၁၅)အချိန်ထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာဝန်ထမ်း ကျား(၁၄)ဦး၊ မ (၇)ဦး၊ စုစုပေါင်း (၂၁)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး လက်ကမ်းစာစောင် (၃၀) စောင်တို့အား  ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyn_jul_2026 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

  • ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၆)ရက်နေ့၊ (၁၁:၂၀)အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၇၅၀,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ (၈၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၅၀,၀၀၀/-)အား (၉-၇-၂၀၂၆)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဦးထွန်းထွန်း၊ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #‌npw_jul_2026 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက (၁၀-၇-၂၀၂၆)ရက်နေ့တွင်  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ခန်းစာအကြောင်းအရာများကို ပြန်လည်သုံးသပ်၍ ခေတ်နှင့် လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို  သက်ဆိုင်ရာ ဘာသာရပ် အလိုက်အုပ်စု (၂) စုခွဲ၍ သင်ခန်းစာ အကြောင်းအရာများကို ပြန်လည် သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ Source:  ရုံးချုပ်

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက (၉-၇-၂၀၂၆)ရက်နေ့တွင်  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ခန်းစာအကြောင်းအရာများကို ပြန်လည် သုံးသပ်၍ ခေတ်နှင့် လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို  သက်ဆိုင်ရာ ဘာသာရပ် အလိုက်အုပ်စု (၂) စုခွဲ၍ သင်ခန်းစာ အကြောင်းအရာများကို ပြန်လည် သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ Source:  ရုံးချုပ်

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက (၈-၇-၂၀၂၆)ရက်နေ့တွင်  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ခန်းစာအကြောင်းအရာများကို ပြန်လည်သုံးသပ်၍ ခေတ်နှင့် လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို  သက်ဆိုင်ရာ ဘာသာရပ် အလိုက်အုပ်စု (၂) စုခွဲ၍ သင်ခန်းစာ အကြောင်းအရာများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ Source:  ရုံးချုပ်