Latest News
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သည့် မြတ်ပန်းဝတ်မှုံနှင့် အေးလင်းမြတ်ရှင် စခန်းများသို့ သွားရောက်၍ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၇၂၄)၊ လူဦးရေ(၄၅၇၄ )ဦးတို့အတွက် ဆပ်ပြာ(၄၅၇၄)တုံးနှင့် ထုံးအိတ်(၂၀)အိတ်တို့အား (၂-၉-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာအား … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ၌ (၃၁-၈-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် မျောပါပျက်စီးခဲ့သော သစ်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀)ကျပ်၊ ၄င်းအိမ်ထောင်စု(၁)စုရှိလူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၈၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာကို (၂-၉- ၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် တာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့်သာစည်မြို့နယ်အတွင်းရှိကျေးရွာ အုပ်စုများအောက်ရှိ ကျေးရွာများသို့ Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက် စေရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် ငလျင်ဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၉-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာအုပ်စု၊ မဲသည်ကျေးရွာ၊ ဝဘာကျေးရွာ၊ သပြေသာကျေးရွာ၊ သာစည်ကျေးရွာတို့အတွင်း Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်၊ လော်စပီကာများဖြင့် လှည့်လည်ကြေညာခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်၊ သင်္ဘောကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် ဥယျာဉ်မကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









