မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • IDPs စခန်းရှိပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀)ရက်နေ့ (၁၂း၀၀)အချိန်တွင် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ IDPs စခန်း(၁၆)ခုမှ စုစုပေါင်းအိမ်ထောင်စု (၆၄၅)စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၅၈၀၀၀၀ဝ/-)အား စခန်းရှိ ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_sep2020 Source:                       မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆေင်ရွက်မှူသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၉-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ ပင်လုံ Covid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုပြန့်ပွားမှုထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပေါ်ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ကျေးရွာများဖြစ်သည့် ဝမ်မိုင်ကျေးရွာ၊ ပါမုန်းကျေးရွာ၊ တောင်ရိုးကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ မြို့သစ်ကျေးရွာ၊ စုစုပေါင်းရပ်ကွက်(၄)ခု၊ ကျေးရွာ (၅) ရွာ၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်အကြောင်းများ၏ ဆောင်ရန်/ရှောင်ရန် စသည်များအား ပအို့ဘာသာ၊ ရှမ်းဘာသာ၊ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်ရေတွင်းကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝါးတံငါကျေးရွာ၊ ကန်နီကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မေတ္တာရှင်ပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ အမှတ်(၁၊၂၊၃၊၄၊၅)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020

  • မြစ်ရေကြီးမှုအခြေအနေသတင်း (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ (၁၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

    ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ————— ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဇလွန်မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ————– ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေ သည် သာပေါင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် … Read more

  • ရေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဟင်္သာချောင်ကျေးရွာအုပ်စု၊ ပိတေါက်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအား (၃-၉-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_sep2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)