Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆေင်ရွက်မှူသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၉-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ ပင်လုံ Covid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုပြန့်ပွားမှုထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပေါ်ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ကျေးရွာများဖြစ်သည့် ဝမ်မိုင်ကျေးရွာ၊ ပါမုန်းကျေးရွာ၊ တောင်ရိုးကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ မြို့သစ်ကျေးရွာ၊ စုစုပေါင်းရပ်ကွက်(၄)ခု၊ ကျေးရွာ (၅) ရွာ၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်အကြောင်းများ၏ ဆောင်ရန်/ရှောင်ရန် စသည်များအား ပအို့ဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည်ဆော်သြကာ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း ပိုစတာများကပ်ခြင်း၊ ဗွီနှိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_sep2020

Sign Up

Upcoming Events