Latest News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၉.၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ လယ်ပြင်ေကျးရွာ၊ ကျွန်းတောကျေးရွာနှင့် တောင်ညိုကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့၊ မနက်(၈:၀၀) နာရီအချိန်မှစ၍ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ပန်တောင်ရွာ၊ ပါထားကွဲ ရွာနှင့် ခုန်နားကျောင်းရွာတို့၌ Covid-19 ဒုတိယလှိုင်းမဖြစ်စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေး ခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာနှင့် မယ်ဆတ်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ တောကြီးကျေးရွာနှင့် သောင်ကြီး ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေ ရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့် လည်းကောင်းရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ အောင်တော်မူရပ်ကွက်၊ အောင်ချမ်းသာ ရပ်ကွက်နှင့် ရွှေပေါက်ပင်ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့ပေါ်ရှိ အလယ်ပိုင်းရပ်ကွက် အတွင်း၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေး ကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









