Latest News
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တဘတ်ဆွဲကျေးရွာအုပ်စုအတွင်းရှိ တဘတ်ဆွဲကျေးရွာနှင့် ဒေါင်းရွာ ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုဘေးတို့နှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆောင်ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
Covid19 ကူးစက်ရောဂါနှင့် သဘာဝဘေး အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၁-၉-၂၀၂၀)ရက်နေ့ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်များတွင် Covid19ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ (၁၀.၉.၂၀၂၀)ရက်နေ့ (၀၆း၀၀)ချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်တုံမြို့နယ်၊ မန်ပွန်း(ပ)ကျေးရွာအုပ်စု၊ မန်ကောင်ကျေးရွာနေ ဦးအိုက်လွင်၏ နေအိမ်(၃၀ x၁၈ x၁၂)ပေ သွပ်မိုးသွပ်ကာပျဥ်ခင်းနေအိမ်ပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ်တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ပြီး မအေးနှောင်း (ကိုယ်ဝန်ဆောင်သည်)နှင့် သားမောင်စံခမ်း(၂)ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၅၀၀၀၀၀/-)ခန့်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါဘေးသင့်အိမ်ခြေ(၁) အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁ဝ)မျိုး(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ိ/- ) နှင့်ဒဏ်ရာရ လူ(၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/- )အား (၁၃.၉.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀) ရက်နေ့တွင် မဘိမ်းမြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မိုးမဘိမ်းမြို့၊ မြို့မဈေး၊ ကုန်းခါးဈေး၊ မြို့မရပ်ကွက်၊ တိုက်ကုန်းရပ်ကွက်၊ ကုန်းခါးရပ်ကွက်နှင့် နမ့်ပုံးပုံး ရပ်ကွက်တို့တွင် Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများနေထိုင်ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသော သဘာဝဘေး များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာ ပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့်သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ (၁၄-၉-၂၀၂၀) ရက်နေ့၌ Covid-19 ရောဂါကြို တင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင် ရေး အသိပညာပေး နိူးဆော်မှုများကို သရက်မြို့နယ်၊ ဘော်ကျေးရွာ၊ တလုတ်ပင်ကျေးရွာနှင့် တပ်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
CERP အစီအစဉ်အရ မြေပုံမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
စက်တင်ဘာ ၁၂၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-)နှုန်းဖြင့်ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါ သည်။ အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် တောင်ပေါ် IDP စခန်းရှိ အိမ်ထောင်စု(၆၄၂)စု လူဦးရေ(၂၉၁၆)ဦး၊ ကျီခေါင်းတောင် ကျေးရွာရှိ အိမ်ထောင်စု(၃၀)စု လူဦးရေ(၁၁၅)ဦး၊ တောင်ကြီးရင်းကျေးရွာရှိ အိမ်ထောင်စု(၆၁)စု လူဦးရေ(၂၄၃)ဦး၊ … Read more









