ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  Talk  Show  ပြုလုပ်မှုသတင်း - ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာနှင့် ချောင်းဝကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ (ခုံကြီး၊တယ်မ၊ ညောင်ပင်၊ဆန်တုန်) ကျေးရွာတို့တွင် နံနက် (၁၁:၀၀) နာရီချိန်မှ (၁၃:၃၀) နာရီ အချိန်အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျှက်ရှိသည့် တားမြစ် မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိ … Read more

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၇-၉-၂၀၂၀) ရက်နေ့တွင် ကျေးလက်ကျန်းမာရေးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ မန်ဆန်​ရေကျကျေးရွာအုပ်စု၊ ကချင်ရွာသစ်ကျေးရွာနှင့် ကုန်းညောင်(၁)ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကူးစက်ရောဂါကာကွယ်ရန် နှာခေါင်းစည်း အသုံးပြုခြင်းဆိုင်ရာအကြံပြုချက်များနှင့် အသုံးပြုရာတွင်လိုက်နာရမည့်အချက်များ၊ COVID-19 ကူးစက်ရောဂါကာကွယ်ရေး စနစ်တကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အပူချိန်တိုင်း​ကိရိယာ​ဖြင့်ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာနှင့် ဧကနိကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုတားဆီး ကာကွယ် နိုင်ရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအား အသိအညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၀:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ကံဖြူကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ သလုံးသွေးကျေးရွာများသို့ Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖလပ်ရပ်ကွက်နှင့် ခလောက်အင်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရေး နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအားအသံချဲ့စက်များဖြင့် လည်းကောင်း၊ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more