Latest News
-
IDPs စခန်းများ၌ ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ (၁,၁၆၅) ဦးအတွက် paris ဆပ်ပြာ (၁,၁၆၅) ခဲနှင့် ထုံးအိတ် (၁၀) အိတ်၊ မံဝိန်းကြီးကက်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၅၉၁) စု၊ လူဦးရေ (၃,၁၉၇) ဦးတို့အတွက် ဆပ်ပြာ (၃,၁၉၇) ခဲနှင့် ထုံး (၁၀) အိတ်တို့အား မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် … Read more
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ ကင်းရပ်ကွက်၊ရွှေညောင်ရပ်ကွက်၊ ဆားစည်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ပွဲကြိုရက်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ (၁၈/၂၀-၉-၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝ) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ (၆၉,၅၀၆) ကျပ်အား (၂၂-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် … Read more
-
Covid-19 ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အမှတ်(၁၊ ၂၊ ၃) ရပ်ကွက်တို့တွင် Covid-19 ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်နှင့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများအား (၂၂-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေးမှုသတင်း
စက်တင်ဘာလ၊ ၂၂ ၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး ခြင်းကို ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပါ သည်။ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက COVID – 19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရာတွင် … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ တွင်(၂၀-၉- ၂၀၂၀) တွင်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၍ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့်တစ်စိတ်တစ်ဒေသပျက်စီးနေအိမ်(၃)လုံးအတွက်တန်ဖိုး(၉၀၀၀ဝိ/-)၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာငွေ(၁၄၇၀ဝိ/-)၊စုစုပေါင်း ငွေ(၁၀၄၇၀ဝိ/-)အား(၂၂-၉-၂၀၂၀) ရက်နေ့ (၄:၃၀)နာရီအချိန်တွင် နောက်မီးရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးတွင်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









