မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၃၀-၉-၂၀၂၀) ရက်နေ့၌ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာ၊ ဇဟာကျေးရွာ၊ မောင်မယ်ရှောင်ကျေးရွာနှင့် ဇီးကျကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀)ရက်နေ့တွင်”ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသ၊ ပင်းတယမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ Covid-19 ဒုတိယလှိုင်း ကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာ​ပေးခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ နန်းကော်တိုးကျေးရွာ၊ ဝင်းကြီးကျေးရွာနှင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၂)၊ အမှတ်(၅)တို့၌ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထု အတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀)ရက်နေ့ ၌ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်း(တ) ကျေးရွာ၊အင်းကုန်း(မ)ကျေး ရွာ၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၊ ပိတောက်ငုတ်ကျေးရွာအုပ်စု၊ ပိတောက်ငုတ်ရွာကြီးကျေးရွာနှင့် ပိတောက်ငုတ်ရွာလေးကျေးရွာတို့တွင် မော်တော်ယာဥ်ဖြင့် COVID-19 ဒုတိယလှိိုင်းမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_sep2020 Source:             နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အာက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီနှင့်ပူးပေါင်း၍ လားရှိုးမြို့ ၊ မြို့တော်ခန်းမရှေ့တွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့်ဟောပြောခဲ့ပြီး၊Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2020 Source:             လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာ၌ (၂၉-၉-၂၀၂၀) ရက်နေ့ (၁၄:၁၅)အချိန်၌ဖြစ်ပွားခဲ့ သော မိုးကြိုးဘေးကြောင့် သေဆုံးသွား ခဲ့သည့် လူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀ဝ၀ဝ/-)ကျပ်အား (၃၀-၉-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် သေဆုံးသူ၏ နေအိမ်သို့ သွားရောက် ​ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #npw_sep2020 Source:   ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)