ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ်၊ တယ်ပင်ကန်ကျးရွာ၊ မင်းကောင်းကျေးရွာ၊ ခင်ရှည်(တ)စုကျေးရွာနှင့် ခင်ရှည်(မ)စုကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့နှင့် (၂၀-၉-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော အပူတိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုလောမြို့နယ်၊ ပြင်ဘုငယ်ကျေးရွာအုပ်စု၊ ပြင်ဘုငယ်ကျေးရွာ၊ မှော်ဖျားကျေးရွာ၊ ဥယျာဉ်ကမ်းကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ပြိုကျပျက်စီးအိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄) စုစာ၊ … Read more

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၊ အောင်ဘုံကျေးရွာ(တောင်၊မြောက်)တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • COVID-19 ကူးစက်ရောဂါ(ဒုတိယလှိုင်း)နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀)ရက်နေ့၊(၀၉:၀၀)နာရီ အချိန်မှစ၍အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးဝအုပ်စု၊ အလယ်စုကျေးရွာ၊ တံတားဦးကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ဝန်လိုကုန်းကျေးရွာ၊ ကြာနီ( အနောက်)ကျေးရွာ၊ ထူးဝကျေးရွာနှင့် သုံးတန်ကူးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့်ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ar … Read more

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ (၀၁:၀၀)အချိန်မှ (၀၃:၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ပင်လယ်ဒီရေမြှင့်ချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရေလှိုင်းပုတ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအပ်စု၊ အောက်ဆိပ်ကျေးရွာနှင့် ပသျှူးချောင်းကျေးရွာတို့၌ အိမ်ခြေ(၄၀)လုံး အိမ်ထောင်စု(၁၇၈)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀၀ /-) ကျပ်၊ လူဦးရေ(၁၇၈)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၇၃၈၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၄၃၇၃၈၀၀ /-)ကျပ်အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှလည်းေကာင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တန်ဖိုးငွေ … Read more

  • (COVID-19 Economic Relief Plan-CERP)အရ ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဉ်( COVID-19 Economic Relief Plan- CERP)အရ မောင်တောခရိုင်၊ ဘူးသီး တောင်မြို့ ၊ရန်အောင်မြေဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု( ၁၇၁) စု၊ လူဦးရေ (၆၄၉)ဦး ၊လမ်းမဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၅၈၀) စု ၊လူဦးရေ (၂၄၉၆) ဦး ၊ဂန္ဓာရီတောရပရဟိတဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၆၉) စု၊ လူဦးရေ (၃၅၇) ဦး၊ မြတောင်ဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၂၀၅) … Read more