ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ​​​​​ကျောင်းကုန်း​ကျေးရွာတွင် (၂၆-၉-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်​မှုကြောင့် ကြိုတင်​ပြောင်း​ရွှေ့အိမ်​ခြေ(၁၆)လုံး၊ အိမ်​ထောင်စု(၁၆)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၁,၆၀၀,၀၀၀ိ/-)၊ လူဦး​ရေ(၆၈)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၄၂,၈၀၀ိ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁,၇၄၂,၈၀၀ိ/-)အား (၈-၁၀-၂၀၂၀)ရက်​နေ့၊ (၁၅:၀၀)အချိန်တွင် ​​​​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးထံသို့ လွှဲ​ပြောင်းထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_oct2020

Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events