မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မိုးကြိုးဘေး ထောက်ပံ့ခြင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်​ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​ကျောက်ပန်း​တောင်းမြို့နယ်၊ အိုင်လျား(မ) ကျေးရွာအုပ်စု၊ ဝန်မင်းကန်​ကျေးရွာတွင် ( ၂၉-၉-၂၀၂၀)ရက်နေ့ (၁၂း၀၀) အချိန်၌ မိုကြိုး​​စက်ကွင်းမိ၍ ​သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့​ငွေ (၃၀၀၀၀ဝိ/-) ကို (၁-၁၀- ၂၀၂၀) ရက်​နေ့ (၁၀း၀၀) အချိန်တွင် ​ကျောက်ပန်း​တောင်း မြို့နယ်အ​​ထွေထွေအုပ်ချုပ်​ရေးမှူး နှင့်အတူ ကျန်ရစ်သူမိသားစုဝင်၏ လက်​ဝယ်အ​ရောက် ​ထောက်ပံ့မှု​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_tls #mdy_oct2020 Source:             ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ် ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ (၂၄.၉.၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၅)ဦး မ(၄)ဦး၊ စုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၈၉၀၀ိ/-)နှင့် ပြောင်းရွှေ့အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၁၈၉၀၀ိ/-)၊ဓာတ်ဆားထုပ် (၂၀)ထုပ်အား (၁.၁၀.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၀:၀၀)နာရီတွင် ​ရှားပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၉.၂၀၂၀)ရက် နေ့ တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁)စု လျှင် (၄၀,၀၀ဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ စခန်း ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဘောဒူဖ (၁)၊ ဘောဒူဖ (၂)၊ အုန်းတောကြီးတောင်၊ အုန်းတောကြီးမြောက်၊ ခေါင်းဒုက္ခာနှင့် ဘာဆာရာ IDP စခန်း (၇)ခုမှ အိမ်ထောင်စု (၁၀,၂၁၃) စု၊ … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာအုပ်စု၊ ရွှေပြည်အေးကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ မြွေရိုးကျောင်းစုအုပ်စု၊ မြွေရိုးကျောင်းစုကျေးရွာ၊ ဆည်စုကျေးရွာ၊ ရုံးကျေးရွာတို့ရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_oct2020 Source:             နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၂၀)ရက်နေ့နှင့် (၂၈-၉-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်၌ ချောင်းရေတိုးလာ မှုကြောင့် ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၇၄)စု၊ လူဦးရေ(၈၁၂)ဦးတို့အတွက် (၇)ရက်စာဆန် ဖိုးထောက်ပံ့ငွေ(၁,၇၀၅,၂၀ဝ/-)ကျပ်၊ လူ(၁)ဦးလျှင် mask(၁)ခုနှုန်းဖြင့် လူဦးရေ(၈၁၂)ဦး အတွက် Mask(၈၁၂)ခုနှင့် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာခဲ(၁)တောင့်နှုန်းဖြင့် အိမ်ထောင်စု(၁၇၄)စုအတွက် ဆပ်ပြာ(၁၇၄)တောင့်အား (၃၀-၉-၂၀၂၀)ရက်နေ့၊ (၁၄း၃၀)နာရီအချိန်တွင်  ကာမိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_sep2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)