မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးထောက်ပံ့ခြင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၃၀-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၀၅၀၀ိ/-)၊ စုစုပေါင်း (၁၁၀၅၀၀ိ/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source:             … Read more

  • လေဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (၂၇.၉.၂၀၂၀)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဒူးကျိုးကျေးရွာ တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီသွားသောအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ လူဦးရေ (၃)ဦးအတွက်ဆန်ဖိုး (၇)ရက်စာ (၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၁၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးကို (၁.၁၀.၂၀၂၀) ရက်နေ့ (၁၃း၃၀) အချိန်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #tny_oct2020 Source:             တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရုံးသစ်ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၂၀) ရက်နေ့ နံနက်(၀၆:၀၀) နာရီ အချိန်၌ သံဃာ (၅) ပါးအား ဆွမ်းကပ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရား တော်နာခြင်းနှင့် နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့်အတူ ပေါက်မြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #office_dev #mgy_oct2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် (၂၇-၉-၂၀၂၀) ရက်နေ့မှ (၂၉-၉-၂၀၂၀) ရက်နေ့ အထိ ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်သော ရပ်ကွက်(၈)ခုနှင့် ကျေးရွာ (၉) ခုများရှိ ရေဘေးပြောင်းရွှေ့ စုစုပေါင်းအိမ်ထောင်စု (၅၀၀) စု၊ လူဦးရေ (၂၄၆၉) ဦးတို့အတွက် အဝတ် Mask (၂၄၆၉) ခု၊ ဆပ်ပြာ (၅၀၀) တောင့်နှင့် ဆန်(၇) ရက်စာဖိုးငွေ (၅၁၈၄,၉၀ဝ) … Read more

  • ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့ နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ‌ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်း ကျေးရွာများတို့မှ (၂၇-၉-၂၀၂၀) ရက်နေ့မှ (၂၉-၉-၂၀၂၀) ရက်နေ့ထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြ‌သော ‌ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ ပုပ္ပါရုံဘုန်း‌‌တော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များရှိ စုစုပေါင်းအိမ်ထောင်စု( ၃၅) စု၊ လူဦးရေ (၁၅၉) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး (၁-၁၀-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀ဝ) နာရီအချိန်တွင် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာ (၁) တောင့် နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု(၃၅)စုအတွက် … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁.၁၀.၂၀၂၀)ရက် နေ့ တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင်လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)