လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၉) မိုင် ကျေးရွာတွင် (၈-၁၀-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-)၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀၀/-)အား (၉-၁၀-၂၀၂၀) ရက်နေ့ (၁၁း၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_oct2020
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)