လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၀.၂၀၂၀)ရက်နေ့ (၀၃း၂၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့၊ အမှတ်(၂)ရေနံနှင့်သဘာဝဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိခဲ့သည့် (၁၀)ဦးအနက် ညောင်တုန်းမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ (၇)ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးမှူးတို့နှင့်အတူ တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ (၃၅၀၀၀၀ိ/-)အား (၉.၁၀.၂၀၂၀)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌လည်းကောင်း၊ မအူပင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ (၃)ဦးအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးနှင့်အတူ ထောက်ပံ့ငွေ တစ်ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၁၅၀၀၀၀ိ/-)အား (၉.၁၀.၂၀၂၀)ရက်နေ့ (၁၁း၃၀) နာရီအချိန်၌လည်းကောင်း ဘေးသင့်ပြည်သူများ၏ မိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#ayy_oct2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)