လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၈.၁၀.၂၀၂၀) ရက်နေ့တွင် မြစ်ရေကြီးမှုအခြေအနေသတင်း

    ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် (၁) လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ဆိပ်သာမြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။  

  • အပူပိုင်းမုန်တိုင်းငယ်နှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၄/၂၀၂၀)

    အပူပိုင်းမုန်တိုင်းငယ်နှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၄/၂၀၂၀) =============================================== (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်) (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================================== အပူပိုင်းမုန်တိုင်းငယ်နှင့် ပတ်သက်သည့် အခြေအနေ ———————————————————— ၁။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို နာထရန်းမြို့(Nha Trang)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိပြီး၊ ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း

    (၇.၁၀.၂၀၂၀)ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့သည် ပင်းတယမြို့ယာယီစျေးတွင် COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_oct2020 Source:             ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၀.၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ ကျေးရွာအုပ်စု၊ ရန်ကင်းစံရာကျေးရွာ၌ (၆.၁၀.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-) ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • တောင်တရုတ်ပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်နှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၀)

        (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)   တောင်တရုတ်ပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်နှင့် ပတ်သက်သည့် အခြေအနေ ======================================================================   ၁။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို နာထရန်းမြို့(Nha Trang)အနီးမှ ဖြတ်ကျော်လျက်ရှိပြီး၊ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ အောက်တိုဘာလ(၈)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံကို ဖြတ်ကျော်၍၊ ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိပြီး၊ ညပိုင်းတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို ‌လေဖိအား နည်းရပ်ဝန်းအဖြစ် … Read more

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၂၀)ရက်နေ့၌ ကသာမြို့နယ်၊ သံပုရာကျေးရွာအုပ်စု၊ သံပုရာကျေးရွာ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉၄၀၀/)ကျပ်နှင့် အဝတ် Mask(၂၈)ခု၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၉၄၀၀/-)ကျပ်တို့အား (၇-၁၀-၂၀၂၀)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ တဆင့်ဘေးသင့်ပြည်သူများထံသို့ ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_oct2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)