Latest News
-
(CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁)စု လျှင် (၄၀,၀၀ဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ စခန်း ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဘောဒူဖ (၁)၊ ဘောဒူဖ (၂)၊ အုန်းတောကြီးတောင်၊ အုန်းတောကြီးမြောက်၊ ခေါင်းဒုက္ခာနှင့် ဘာဆာရာ IDP စခန်း (၇)ခုမှ အိမ်ထောင်စု (၁၀,၂၁၃) စု၊ … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာအုပ်စု၊ ရွှေပြည်အေးကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ မြွေရိုးကျောင်းစုအုပ်စု၊ မြွေရိုးကျောင်းစုကျေးရွာ၊ ဆည်စုကျေးရွာ၊ ရုံးကျေးရွာတို့ရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_oct2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၂၀)ရက်နေ့နှင့် (၂၈-၉-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်၌ ချောင်းရေတိုးလာ မှုကြောင့် ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၇၄)စု၊ လူဦးရေ(၈၁၂)ဦးတို့အတွက် (၇)ရက်စာဆန် ဖိုးထောက်ပံ့ငွေ(၁,၇၀၅,၂၀ဝ/-)ကျပ်၊ လူ(၁)ဦးလျှင် mask(၁)ခုနှုန်းဖြင့် လူဦးရေ(၈၁၂)ဦး အတွက် Mask(၈၁၂)ခုနှင့် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာခဲ(၁)တောင့်နှုန်းဖြင့် အိမ်ထောင်စု(၁၇၄)စုအတွက် ဆပ်ပြာ(၁၇၄)တောင့်အား (၃၀-၉-၂၀၂၀)ရက်နေ့၊ (၁၄း၃၀)နာရီအချိန်တွင် ကာမိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_sep2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့၌ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာ၊ ဇဟာကျေးရွာ၊ မောင်မယ်ရှောင်ကျေးရွာနှင့် ဇီးကျကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀)ရက်နေ့တွင်”ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ Covid-19 ဒုတိယလှိုင်း ကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ နန်းကော်တိုးကျေးရွာ၊ ဝင်းကြီးကျေးရွာနှင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၂)၊ အမှတ်(၅)တို့၌ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထု အတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_sep2020









