မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်(၂၂)မိုင်ကျေးရွာနှင့် မလိဝမ်းကျေးရွာအတွင်းရှိ  ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းတို့ကို လော်စပီကာ၊ Hand Speaker များအသုံးပြု၍ နှိုးဆော်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၁၁-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၌ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိလိုက်နာနိုင်ရေးအတွက် ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_nov2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၁၁-၂၀၂၀)ရက်နေ့တွင် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ ဟဲကယ်ကျေးရွာနှင့် ပန်းစုံကျေးရွာတို့၌ COVID-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုင်းထိပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ရုပ်သားကျေးရွာတွင် (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၁၄-၁၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_nov2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာ၊ ဇောတိကုန်းကျေးရွာ၊ နမ့်ဟူးတောင်းအထက်ကျေးရွာ၊ နမ့်ဟူးတောင်းအောက်ကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကုန်းလှိုင်ကျေးရွာနှင့် ကွမ်းဘုံကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)