ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာတာဝန်ရှိသူများနှင့်အတူ (၁၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၁၇-၁၁-၂၀၂ဝ) ရက်နေ့နှင့် (၁၈-၁၁-၂၀၂ဝ) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၂၆၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၂၆၀၀/-)ကျပ်တိတိအား ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_nov2020
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events