COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူပူပေါင်း၍ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ အောင်ဇေယျရပ်ကွက်၊ အောင်မြင်စျေး၊ ဘူတာလမ်းစုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံရှေ့တို့၌ COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောလက်ကမ်းစာစောင်များနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask(၁,၀၀၀)ခုအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_nov2020

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events