ရေသန့်ဆေးပြားနှင့် Mask များထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ Facility Quarantine Center တွင် အသုံးပြုနိုင်ရေးအတွက် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရေသန့်ဆေးထုပ်(၂၄၀)ထုပ်ပါ(၁၀)ဖာနှင့် Mask(၁၀၀)ခုအားလည်းကောင်း၊ မြသိင်္ဂီသီလရှင်(သင်) ပရဟိတပညာရေးမူလွန်ကျောင်းတွင် ရေသန့်ဆေးထုပ်(၂၄၀)ထုပ်ပါ (၃)ဖာနှင့် Mask(၅၀)ခုအားလည်းကောင်း၊ ခိုလှုံရာပရဟိတတွင် ရေသန့်ဆေးထုပ်(၂၄၀)ထုပ်ပါ (၂)ဖာနှင့် Mask (၅၀)ခု၊ စုစုပေါင်းရေသန့်ဆေးထုပ်(၁၅)ဖာနှင့် Mask(၂၀၀)ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#ayy_nov2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events