လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုမိုစောကျေးရွာအုပ်စု၊ ခါးဘယ်ကျေးရွာ၊ ဒိုမိုစောကျေးရွာ၊ ဟိုယာကျေးရွာအုပ်စု၊ ရီကီဘူးကျေးရွာနှင့် ဟူမိုထိကျေးရွာများရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_nov2020
Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)