အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (သပြေစမ်းကျေးရွာ၊ ညောင်ပင်ဝင်း ကျေးရွာ၊ ကုန်းအိုင်ကျေးရွာ) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_nov2020

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၌ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ဆင်ဂွေ၊ ဗောဓိကုန်း၊ ထိပ်ပေါက်၊ ကူးတို့ကုန်း၊ မကျီးကုန်းနှင့် ပိတောက်စမ်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အားလည်းကောင်းအသိပညာပေးဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ကျေးပေါ်ခုံကျေးရွာနှင့် ရေဦးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက် များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကြပ်ကျေးရွာအုပ်စု၊ သစ်ရာပင်ကျေးရွာ၌ (၂၁-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးမှ လူနေအိမ် (၂) လုံးအတွက် အိမ်‌ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂) စု လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ် ၊ ကယ်ဆယ်‌ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာနှင့် mask (၁၂) ခုအား (၂၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် လားရှိုးမြို့နယ် ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ် ကျေးရွာအုပ်စု၊ ဟိုပိတ်စျေး၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး၊ COVID-19 ကာကွယ်နိုင်ရန် နှာခေါင်း စည်း အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Hand Gel … Read more

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (ဝ၈:၃၀) နာရီအချိန်မှ နေ့လည် (၁၂:ဝဝ) အချိန်ထိ နမ့်စန်မြို့နယ်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်း ကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် နမ့်စန်မြို့၊ ပျံကျစျေးနှင့် ရပ်ကွက်(၂/၄/၅) စစ်မှုထမ်း ဟောင်း ရပ်ကွက်တို့၌လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၀၀)နာရီအချိန်မှ ညနေ(၁၆:၁၅) နာရီအချိန်ထိ နမ်စန်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ထင်းရှုးမြိုင်ကျေးရွာ၌လည်း ကောင်း၊ Covid-19ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေး အန္တရာယ်အကြောင်းများနှင့် … Read more