ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေ ကျေးရွာအုပ်စု၊ မာန်မြေအရရှေ့စုကျေးရွာတွင် (၂၆-၁၁-၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၄၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာ (၃၅,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၅,၇၀၀) ကျပ်တို့ကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၂၇-၁၁-၂၀၂၀) ရက်နေ့ (၁၂:၀၀) အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#mgy_nov2020
 
 
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
 

Sign Up

Upcoming Events