Latest News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 ကာလ မူကြိုအရွယ် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ မကျန်ရစ်စေရေး ညှိနှိုင်းဆွေးနွေး
ဒီဇင်ဘာ ၁ ၊ နေပြည်တော် COVID-19 ကပ်ရောဂါကြောင့် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားသော ကာလအတွင်း မူကြိုအရွယ်ကလေးငယ်များ ဖွံ့ဖြိုးမှု နောက်ကျ မကျန်ရစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက Virtual Meeting ပုံစံဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးမှူးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနမှနည်းပြများ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီး ကျေးရွာအုပ်စု၊ ဆင်ကူးကြီးကျေးရွာ၌ (၃၀-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)ပုံး (၃၄၈၅၃/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၄၇၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၄၇၀ဝ/-) အား (၁-၁၂-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ နောင်ကားဈေးနှင့် နောင်ပစ်ကျေးရွာတို့၌ လည်းကောင်း၊ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ ပုံဆွေပင်ကျေးရွာနှင့် ဟမ်းဆီးကျေးရွာတို့၌လည်းကောင်း (COVID-19) ကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေး ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_dec2020 … Read more
-
COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ဟော်နန်းရပ်ကွက်၊ လက်ခုတ်တန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်း ရပ်ကွက်တို့တွင် (Covid-19) ရောဂါကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_dec2020 Source: … Read more
-
အရေးပေါ်ယာယီဘေးခိုလှုံရာနေရာဖော်ထုတ်သတ်မှတ်ရန်အတွက်ကွင်းဆင်းလေ့လာမှုသတင်း
(၁-၁၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်အခြေအနေတွင်ထိခိုက်ခံစားရသူများအား အရေးပေါ်ယာယီရွှေ့ပြောင်း နေရာချထားရေးကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်စေရေးအတွက် ဘေးကင်းလုံခြုံမှုရှိပြီး ကယ်ဆယ်ရေး စခန်းသဖွယ် အသုံးပြုနိုင်မည့် ယာယီခိုလှုံရာ နေရာများဖော်ထုတ်သတ်မှတ်ရန် (၂၉-၁၁-၂၀၂၀) ရက်နေ့၌ Zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့သော ကနဦးအလုပ်ရုံဆွေးနွေးပွဲရလာဒ်များအား သက်ဆိုင်ရာဌာနဆိုင်ရာများ၊ Plan International Myanmarအဖွဲ့နှင့်အတူ ကျိုက်ကဆံကွင်း၊ အားကစားသိပ္ပံကျောင်း ပြည်သူ့ရင်ပြင်တို့၌ မြေပြင်ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရှိရပါသည်။ #ygn_dec2020 … Read more
-
COVID-19 ကူးစက်ရောဂါ၊ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၅:၃၀)အချိန်အထိ (COVID-19) ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရ မည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား လယ်ဝေးမြို့နယ်၊ ထိန်အင်းကျေးရွာ၊ ဇေယျာသိမ်ကျေးရွာ၊ ပျံချီကျေးရွာ၊ ကြာအင်းကျေးရွာ၊ အင်းသာကျေးရွာ၊ ရေကျော်ကျေးရွာနှင့် အင်ပင်ကျေးရွာအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_dec2020 Source: … Read more









