အရေးပေါ်ယာယီဘေးခိုလှုံရာနေရာဖော်ထုတ်သတ်မှတ်ရန်အတွက်ကွင်းဆင်းလေ့လာမှုသတင်း

(၁-၁၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်အခြေအနေတွင်ထိခိုက်ခံစားရသူများအား အရေးပေါ်ယာယီရွှေ့ပြောင်း နေရာချထားရေးကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်စေရေးအတွက် ဘေးကင်းလုံခြုံမှုရှိပြီး ကယ်ဆယ်ရေး စခန်းသဖွယ် အသုံးပြုနိုင်မည့် ယာယီခိုလှုံရာ နေရာများဖော်ထုတ်သတ်မှတ်ရန် (၂၉-၁၁-၂၀၂၀) ရက်နေ့၌ Zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့သော ကနဦးအလုပ်ရုံဆွေးနွေးပွဲရလာဒ်များအား သက်ဆိုင်ရာဌာနဆိုင်ရာများ၊ Plan International Myanmarအဖွဲ့နှင့်အတူ ကျိုက်ကဆံကွင်း၊ အားကစားသိပ္ပံကျောင်း ပြည်သူ့ရင်ပြင်တို့၌ မြေပြင်ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရှိရပါသည်။
#ygn_dec2020
 
 
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events