Latest News
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ ဟိုပန်မြို့နယ်၊ ပန်လုံလမ်းရပ်ကွက်နှင့် ဈေးရပ်ကွက်တို့၌ Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော နတ်မောက်မြို့နယ်၊ တမလန်းပင် ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာရှိ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု (၁၇၂) စု၊ လူဦးရေ (၈၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၂- ၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_dec2020
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ လူငယ်အသင်းတို့နှင့် ပူးပေါင်း၍ နမ့်ဆန်မြို့ပေါ်တွင် Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
-
COVID-19 ကူးစက်ရောဂါ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၂၀) ရက်နေ့၌ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းအနီးတွင် COVID-19 ကူးစက်ရောဂါ အသိပညာပေး ဗီနိုင်းမြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းအား ပေါက်ခေါင်းမြို့နယ် ပြန်ဆက်ရုံးနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2020
-
COVID-19 ကူးစက်ရောဂါ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းမဘေးတွင် COVID-19 ကူးစက်ရောဂါ အသိပညာပေး ဗီနိုင်းမြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းအား မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2020
-
COVID-19 ကူးစက်ရောဂါ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၂၀) ရက်နေ့၌ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်ဈေးတွင် COVID-19 ကူးစက်ရောဂါ အသိပညာပေး ဗီနိုင်းမြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းအား မြို့နယ်ပြန်/ဆက်၊ ဈေးစည်ပင်တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2020









