
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ လူငယ်အသင်းတို့နှင့် ပူးပေါင်း၍ နမ့်ဆန်မြို့ပေါ်တွင် Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_dec2020