ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာခရိုင်နှင့် မိတ္ထီလာမြို့နယ် Covid19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင်အသုံးပြုနိုင်ရန်အတွက် Sanitizer 500 ml လက်သန့်ဆေးရည် (၆၅)ဘူးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_dec2020 Source:             မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် မီးဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ၁၈-၁၂-၂၀၂၀ ရက်နေ့(၁၅:၀၀)နာရီမှစ၍ ခန္တီးမြို့နယ်၊ ပါမိုင်းရပ်ကွက်နှင့် သာစည်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးနှင့် မီးဘေးအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့်လှည့်လည်အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်​ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    (၁၈.၁၂.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာနှင့် ဟိုခြစ်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source:             နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ကသာခရိုင်၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စင့်ဟောက်ကျေးရွာ၊ လက်ပန်ကုန်း ကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ရွှေသီဘာကျေးရွာ၊ နားခါကျေးရွာ၊ နန်းကင် ကျေးရွာတို့တွင် (၁၀:၃၀)နာရီမှ (၁၂:၃၀)နာရီအချိန်အထိ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ၊ (COVID-19) နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့်ငလျင်ဘေးလက်ကမ်းစာစောင်၊ မီးဘေးလက်ကမ်းစာစောင်၊ လေပြင်းဘေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး … Read more

  • မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရေးမြို့နယ် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး ပြည်သူများအား သဘာဝဘေး အသိပညာဗဟုသုတများရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် အတွက် ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ တပ္ပလင်နှစ်ဆူလမ်းဆုံထောင့်တွင် စိုက်ထူထားသော အလျား (၉ )ပေ၊ အနံ (၆)ပေရှိ မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၁၈-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ပြောင်းလဲ တပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fir #mon_dec2020 Source:   ရေးမြို့နယ်ဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ယွန်တိုင်းကျေးရွာ၊ ခါးလယ်ကျေးရွာနှင့် လုံခင်ကျေးရွာ တို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များအား အသိပညာပေးခြင်းနှင့် မီးဘေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020