
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ကသာခရိုင်၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စင့်ဟောက်ကျေးရွာ၊ လက်ပန်ကုန်း ကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ရွှေသီဘာကျေးရွာ၊ နားခါကျေးရွာ၊ နန်းကင် ကျေးရွာတို့တွင် (၁၀:၃၀)နာရီမှ (၁၂:၃၀)နာရီအချိန်အထိ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ၊ (COVID-19) နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့်ငလျင်ဘေးလက်ကမ်းစာစောင်၊ မီးဘေးလက်ကမ်းစာစောင်၊ လေပြင်းဘေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_dec2020