လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရေးမြို့နယ် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး ပြည်သူများအား သဘာဝဘေး အသိပညာဗဟုသုတများရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် အတွက် ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ တပ္ပလင်နှစ်ဆူလမ်းဆုံထောင့်တွင် စိုက်ထူထားသော အလျား (၉ )ပေ၊ အနံ (၆)ပေရှိ မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၁၈-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ပြောင်းလဲ တပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_fir
#mon_dec2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)