ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သောက်သုံးရေဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း (တဲတိုက်)ရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု(၁၁၃) စု၊ လူဦးရေ (၅၂၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၀- ၁၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉- ၁၂-၂၀၂၀)ရက်နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မီးဘေးအသိပညာပေး ​ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း၊ Covid-19 အသိပညာပေး ပိုစတာများအား မြို့ပေါ်ရပ်ကွက်ရှိ လူအများမြင်တွေ့လွယ်သော နေရာများတွင် ချိတ်ဆွဲခြင်း၊ ရေသန့်ဆေးထုပ်( ၁ ဖာလျှင် ၂၄၀ ထုပ်ပါ) ၅- ဖာ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ လက်သန့်ဆေးရည် (Hand Sanitizer) (၂၀၀)ဘူးအား မြို့နယ် COVID- 19 ကော်မတီသို့ လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 … Read more

  • မီးဘေးထောက်ပံ့ခြင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ကျိုက်လတ်မြို့နယ်၊​ ထိန်ကျွန်း​ကျေးရွာအုပ်စု၊ ထိန်ကျွန်း​ကျေးရွာတွင် (၁၈-၁၂-၂၀၂၀)ရက်နေ့(၀၃:၀၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ( ၄ )ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့​ငွေကျပ်( ၁၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်( ၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း( ၁၇) မျိုး အိမ်​ထောင်စု(၁)စုစာ စုစု​ပေါင်း​ထောက်ပံ့ငွေ(၁၀၈၄၀ဝိ/-)အား ကျိုက်လတ်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁၉-၁၂-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိနိ၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec2020 Source:             ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၁၂.၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ (၃-က)ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁)အိမ် ထောင်စာတန်ဖိုး (၂၄,၉၇၀ိ/-)၊ ပြိုကျပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံံ့ငွေ(၂၁,၀၀၀ိ/-), စုစု ပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀၀ိ/-)တိတိအား (၁၉.၁၂.၂၀၂၀)ရက်နေ့ ၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source:             ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more

  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease Covid-19 ကာကွယ်၊ ​လျော့ပါးရေးအတွက် Maskများ ဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၀၉:၀၀)နာရီအချိန်ထိ  မင်းဘူးမြို့၊ မြို့မ​ဈေး၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease Covid-19 ကာကွယ်၊ လျော့ပါးရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask များအား ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁၈. ၁၂.၂၀)နေ့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့မဈေး၊ ရွှေတည်ဈေးသစ်နှင့် မြို့သစ်ဈေးတို့တွင် covid19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လော်စပီကာဖြင့်ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေးခြင်းတို့အား ဈေးစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source:             ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)