ကမ်းပြိုဘေးထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၁၂.၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ (၃-က)ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁)အိမ် ထောင်စာတန်ဖိုး (၂၄,၉၇၀ိ/-)၊ ပြိုကျပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံံ့ငွေ(၂၁,၀၀၀ိ/-), စုစု ပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀၀ိ/-)တိတိအား (၁၉.၁၂.၂၀၂၀)ရက်နေ့ ၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_dec2020

Source:             ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events