လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉- ၁၂-၂၀၂၀)ရက်နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မီးဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း၊ Covid-19 အသိပညာပေး ပိုစတာများအား မြို့ပေါ်ရပ်ကွက်ရှိ လူအများမြင်တွေ့လွယ်သော နေရာများတွင် ချိတ်ဆွဲခြင်း၊ ရေသန့်ဆေးထုပ်( ၁ ဖာလျှင် ၂၄၀ ထုပ်ပါ) ၅- ဖာ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ လက်သန့်ဆေးရည် (Hand Sanitizer) (၂၀၀)ဘူးအား မြို့နယ် COVID- 19 ကော်မတီသို့ လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_dec2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)