Latest News
-
၂၀၂၀ ပြည့်နှစ်၊ ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)
=========================================== (က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ ဒီဇင်ဘာလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာသီကာလများဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးမှူးရုံးမှတာဝန်ရှိသူများသည် water floc & disinfectant pdr/Box-24 (နှစ်ဆင့်အသုံးပြုရသည့် Flocculent နှင့် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့် (၁ ပုံးလျှင် အထုပ် ၂၄၀ထုပ်ပါ) (၁၅)ပုံးအနက် ရေနံချောင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ရေသန့်ဆေးပုံး(၁၂)ပုံးကို လည်းကောင်း၊ ရွှေဘုံသာအနောက်ပိုင်း၊ ရွှေတောင်ညွန့် ရတနာကျောင်းတိုက်သို့ ရေသန့်ဆေးပုံး (၃)ပုံးကို လည်းကောင်း (၁၅-၁၂-၂၀၂၀) ရက်နေ့ တွင်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_nov2020
-
Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့ တွင် ပေါက်မြို့ဈေးကြီးနှင့် လူအများမြင်သာနိုင်သည့် အခြားနေရာများ၌ COVID-19 ကူးစက် ရောဂါအသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ #ar #mgy_dec2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည် နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ စျေးတောင်ရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲ ရှောင် အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၃၁၈)ဦး၊ မိုးလုံလေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၃၉)ဦး၊ စျေးရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၃၀၉)ဦး၊ ချင်းပျဥ်းတောကျေးရွာဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲ ရှောင်အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၂၀၄)ဦး၊ ကမ်းဒိတ်ကျေးရွာဆွေမျိုးများ နေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၆)ဦး၊ စုစုပေါင်းတိုက်ပွဲရှောင်အိမ်ထောင်စု (၂၉၅)စု၊ လူဦးရေ(၁၁၇၆)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုးထောက်ပံ့ငွေ(၁၀,၅၈၄,၀၀၀ိ/-) ကျပ်အား (၁၅-၁၂-၂၀၂၀)ရက်နေ့ … Read more
-
သောက်သုံးရေဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၅- ၁၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၌ မော်လိုက်မြို့၊ ယာယီပြန်ကျဈေးနှင့် စက်လှေဆိပ် များတွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020









