မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့တွင် တလုတ္ထော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စျေးလမ်းထောင့်တွင်လည်ကောင်း၊ ဟင်္သာတမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးရှေ့)၊ ရုံးကြီးလမ်းထောင့်နှင့် ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တို့တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား မိဘပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန်(၉´×၆´)ဗွီနိုင်းပိုစတာအသစ်များ စိုက်ထူဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_dec2020

Sign Up

Upcoming Events