Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀)ရက်နေ့၌ နောက်မီးအုပ်စု၊ နောက်မီးမြစ်ထိပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၄၀၀ဝဝ၀/-)ကျပ် ၊ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁၅၀၀/-)ကျပ်တို့ကို (၁၈-၁၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် အတူဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020
-
မီးဘေးနှင့် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၂.၂၀၂၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ (ပြည်သူ့ ဆေးရုံကြီးနှင့် NLD ရုံး၏ မျက်နှာချင်းဆိုင်အရပ် မြင်သာ၊ ထင်သာရှိသော နေရာ)များ၌ အများပြည်သူများ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် မီးဘေးနှင့် မုန်တိုင်းဘေး အသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်များအား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #ar_str #mgy_dec2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၈-၁၂-၂၀၂၀)ရက်နေ့ (၀၈:၀၀) အချိန်မှ (၁၂:၃၀)အချိန်ထိ ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်(၅)ခုမှ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရေး ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မီးသတ်အဖွဲ့ အစည်းနှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့၊ အမှတ် (၂၀) လမ်းထိပ်တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အား မိဘပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန် မီးဘေးအသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာအသစ် စိုက်ထူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2020
-
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် PPEဝတ်စုံ(၁၀၀)စုံ Surgical Mask(၅၀၀၀)ခု၊ (500ml) လက်သန့်ဆေး (၁၅၀)ဗူးနှင့် လက်အိတ်(၁၀၀၀)စုံ တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ရှေ့မှောက်၌ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020
-
COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၁၂.၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ကောလင်းမြို့၊ မြောက်အင်း ရပ်ကွက်နှင့် ဈေးရုံဗိုလ်တဲ ရပ်ကွက်များရှိ ပြည်သူများသို့ Covid-19 နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး လှည့်လည် ဆော်သြခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ပိုစတာကပ်ခြင်းနှင့် ရေသန့်ဆေးဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









