
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ရွှေဝါလမ်းသွယ် (၂) လမ်းတွင် (၂၀-၁၂-၂၀၂၀) ရက်နေ့ (၁၃:၃၇) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၁) ဦးတို့ မီးဘေးသင့်ခဲ့ရာ နေအိမ် (၂) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာ တို့အားလည်းကောင်း၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ မင်းရဲကျော်စွာ (၁) လမ်းတွင် (၂၂-၁၂-၂၀၂၀) ရက်နေ့ (၁၄:၄၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ပါသဖြင့် နေအိမ် (၃) လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး နေအိမ် (၁) လုံးမီးတားကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၈) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စုစာတို့အားလည်း ကောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ သို့ (၂၃-၁၂-၂၀၂၀) ရက်နေ့ (၁၃:၃၀) နာရီအချိန်၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_fir
#ygn_dec2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)