
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Hand Sanitizer 500ml (၃၅) ဘူးအားလည်းကောင်း၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ Hand Sanitizer 500ml (၃၅) ဘူးအား လည်းကောင်း၊ မြင်းခြံတက္ကသိုလ် (Facility Quarantine Centre) များသို့ Hand Sanitizer 500ml (၃၅) ဘူးအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_dec2020
Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)