Latest News
-
မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရေးမြို့နယ် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး ပြည်သူများအား သဘာဝဘေး အသိပညာဗဟုသုတများရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် အတွက် ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ တပ္ပလင်နှစ်ဆူလမ်းဆုံထောင့်တွင် စိုက်ထူထားသော အလျား (၉ )ပေ၊ အနံ (၆)ပေရှိ မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၁၈-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ပြောင်းလဲ တပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fir #mon_dec2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ယွန်တိုင်းကျေးရွာ၊ ခါးလယ်ကျေးရွာနှင့် လုံခင်ကျေးရွာ တို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များအား အသိပညာပေးခြင်းနှင့် မီးဘေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာ၊ ပျဉ်တောကျေးရွာ၊ အင်ပင်လှကျေးရွာ၊ အညာလယ်ကျေးရွာနှင့် ယားကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပ်ထုံးကျေးရွာအုပ်စု၊ ဖတ်တန်း ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇)ဦး တို့အတွက် ဆန်ရိက္ခာရန်ပုံ ငွေ (၁၄,၇၀၀ိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ( ၁၁၄,၇၀၀ိ/-) ကျပ်အား (၁၈-၁၂-၂၀၂၀)ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တောင်မကျေးရွာအုပ်စု၊ တောင်မကျေးရွာ၊ တောင်မဲကျေးရွာ၊ တပ်မင်းသားကျေးရွာနှင့် ပန်စရန်းကျေးရွာတို့တွင် Covid-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေး ခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ (ဂ)တိုးချဲ့ရပ်ကွက်၊ မြို့သစ်ကျေးရွာ၊ နှောရိုးကျေးရွာ၊ ကောင်းဆင့်ကျေးရွာနှင့် တယ်ပင်ကန် ကျေးရွာများတွင် COID-19ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ၊ သဘာ၀ဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020









