
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၁၂.၂၀၂၀)ရက်နေ့ (၁၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရေသန့်ဆေးရည်(၂၄၀)ထုပ်ပါ (၈)ဖာနှင့် လက်သန့်ဆေးရည် (၁၀၀)ဘူးတို့အား (COVID.19 )ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့ပြီး မော်လိုက်ခရိုင်ပြည်သူ့ဆေးရုံအတွက် လက်သန့်ဆေးရည်(၂၀)ဘူး၊ ဆုပန်ရွေပြည်လူမှုကူညီရေးအသင်းအတွက် လက်သန့်ဆေးရည် (၁၅)ဘူး တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_dec2020
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)